Friday, September 21, 2018
ဟိတဓရဆရာ​တော်
ဟိတဓရဆရာ​တော်​ဟူသည်​ အပိုင်း(၃)
   °°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်​မာနိုင်​ငံ အင်္ဂလိပ်​နယ်​ချဲ့လက်​​အောက်​ ကျ​ရောက်​​နေ​သောအချိန်
ရေစကြိုမြို့နယ်​ ပရိမ်​သာရွာ၌ ဦးသာ​မောက်​ဆိုသူ သူ​ဌေးတစ်​​ယောက်
ရှိခဲ့ပါသည်​။ သူ​ဌေးဦးသာ​မောက်​သည်​ စည်းကမ်းကြီးသည်​။ အလုပ်​ကို
လည်း စနစ်​တကျလုပ်​ကိုင်​တတ်​သည်​။ ထို့​ကြောင့်​ ​ရေလုပ်​ငန်းဖြင့်​ ကျိကျိတက်​ ချမ်းသာလာခြင်းဖြစ်​သည်​။ သူ​ဌေးဦးသာ​မောက်​သည်​ စီးပွားတက်​လာသည်​နှင့်​အမျှ ​ရွှေစတချို့ကို ​မြေကြီးထဲ၌ မြုပ်​နှံစု​ဆောင်း
ထားလိုက်​သည်​။ တစ်​ဖက်​၌လည်း အလှူအတန်း​တွေကို ရက်​ရက်​​ရော
ရော ​ပေးလှူသည်​။ ထိုအချိန်​ ဓားပြတစ်​ဖွဲ့သည်​ ဝင်​​ငွေရွှင်​​နေ​သော
ဦးသာ​မောက်​​နေအိမ်​ကို မျက်​စိကျ​နေကြသည်​။ ထိုအ​ကြောင်းကို သူ​ဌေး
ဦးသာ​မောက်​လည်း ရိပ်​မိသည်​။ ထို့​ကြောင့်​ သူသည်​"ဓားပြ​တွေ ငါ့ကို
သတ်​လိုက သတ်​ပါ​စေ၊ ငါ၏ ပစ္စည်းဥစ္စာများကို မရှိနွမ်းပါး ဆင်းရဲသား
တို့အား ​ဝေငှ​ပေးမည်​"ဟု ဆုံးဖြတ်​ထားသည်​။ ထို့​နောက်​ ဦးသာ​မောက်
သည်​ သမီးနှစ်​​ယောက်​တို့အား ပစ္စည်းဥစ္စာတို့ကို အညီအမျှ ခွဲ​ဝေ​ပေးသည်​။ ကျန်​ကျန်​သမျှ​သော 
ကောင်းလေစွ။ တစ်​​နေ့​သောအခါ ဓားပြအဖွဲ့သည်​ သူ​ဌေးဦးသာ​မောက်​​နေအိမ်​ကို အနုကြမ်းစီးကြသည်​....
 *ဟိတဓရဘုန်းဘုန်း
ကြည့်​လိုက်​တိုင်း ပြုံးတုံးတုံး
ချစ်​စရာအ​ကောင်းဆုံး ဒီအပြုံး...။
 *ပလ္လင်​​ပေါ်မှာ တရား​ဟော​နေ
စောင့်​ထိန်းဣ​နြေ္ဒ
တည်​တည်​ငြိမ်​ငြိမ်​​ဟော​နေ​တော့
ကြည်​ညိုစရာ​ကောင်းလှ​ပေါ့...။
 *ဟန်​​ဆောင်​မှုရှင်း မုသားကင်း
ဘုန်းဘုန်းမျက်​နှာ ကြည်​စင်​ဝင်း....။
{ဆက်လက်​​ဖော်​ပြပါမည်​}
No comments:
Post a Comment
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...