26-9-2018
"ယဉ်ကျေးလိမ္မာ ဒေသနာ"
ဟိတဓရသာသနာပြုဌာများ၏
အဓိပတိနာယကချုပ်
ဟိတဓရဆရာတော်သည်
မြန်မာနိုင်ငံလုံးဆိုင်ရာ
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟို ဓမ္မရံသီကုလရက္ခိတယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူးကျင်းပအပ်သော လူငယ်အထူးဓမ္မသဘင်၌
တရားဒေသနာ ချီုးမြှင့်တော်မူပါသည်။
*ပညာမတတ်တော့
သဘောထားမကြီးဘူး။
သဘောထားမကြီးတော့
ဆုံးရှုံးသွားပြီ။
လုပ်နိုင်တဲ့အလုပ်လဲ မလုပ်ဘူး။
မလုပ်နိုင်တဲ့အလုပ်လဲ မလုပ်တော့ဘူး။
ဒါကြောင့်..
ပညာတတ်ဖို့ အချိန်တန်ပါပြီ
စိတ်နေစိတ်ဓာတ်တွေ
မြင့်မြတ်ကြဖို့
အချိန်တန်ပါပြီ။
အားလုံး လက်ချင်းချိတ်ဆက်ပြီး
အင်နဲ့အားနဲ့လုပ်ကြဖို့
အချိန်တန်ပါပြီ။
[ဟိတဓရဆရာတော်]
"ပ"သုံးလုံးသာသနာပြု ဟိတဓရ ဆရာတော်၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ချက်များကို လူအများကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် ရည်ရွယ်တင်ပြပါသည်။
Saturday, September 29, 2018
ဟိတဓရ ဆရာတော်
ကွက်လပ်မှန်သမျှ ဖြည့်စွက်ပေးနေသော "ပ"သုံးလုံး သာသနာပြု ဟိတဓရဆရာတော်
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
အောင်မြေဟိတဓရ ပရဟိတကျောင်း သားငယ်သမီးငယ်တို့ အမှန်တကယ်လိုအပ်လျှက်ရှိသော ကားတစ်စီးကို ကျောင်းတည်ထောင်တော်မူသော ဟိတဓရဆရာတော် မှ ဖြည့်စွက်လှူဒါန်းပါသည်...။
27.9.2018
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
အောင်မြေဟိတဓရ ပရဟိတကျောင်း သားငယ်သမီးငယ်တို့ အမှန်တကယ်လိုအပ်လျှက်ရှိသော ကားတစ်စီးကို ကျောင်းတည်ထောင်တော်မူသော ဟိတဓရဆရာတော် မှ ဖြည့်စွက်လှူဒါန်းပါသည်...။
27.9.2018
ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ
26-9-2018
ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ(မိုးကုတ်)
=======================
ဟိတဓရသာသနာပြုဌာများ၏
အဓိပတိနာယကချုပ် ဟိတဓရဆရာတော်သည်
မိုးကုတ်မြို့ သဖန်းပင်ရပ်
အမှတ်(၂) အခြေခံပညာအလယ်တန်း
ကျောင်း၌ ယဉ်ကျေးလိမ္မာ ကလေးအထူးတရားကို
ဟောကြားချီးမြှင့်တော်မူပါသည်။
* ပညာတတ်ဖြစ်အောင်ကြိုးစားကြပါ။
ပညာဆိုတာ ပါဠိဘာသာ ပါဠိစကားလုံးပါ။
ပ+ညာ ဆိုပြီး နှစ်ခုခွဲကြည့်ရင်
ပ= အရှိ အရှိအတိုင်း
အမှန်ကို အမှန်အတိုင်း
ပညာ=သိတာ
အကုသိုလ်ကို အကုသိုလ်လို့သိတာ
ကုသိုလ်ကို ကုသိုလ်လို့သိတာ။
မိဘကို မိဘလို့သိရတယ်။
တချို့က မိဘကို မိဘဆိုတဲ့အသိစိတ်
ပျောက်နေကြတာ တွေ့နေရလို့ စိတ်ထဲ
မကောင်းဖြစ်မိတယ်။
အကုသိုလ်ကို ကုသိုလ်လို့ယူဆတာ
ကုသိုလ်ကို အကုသိုလ်ဆိုပြီးသိတာ
အဲဒါပညာမဟုတ်ဘူး။
တလွဲသိနေတာလို့ခေါ်တယ်။
အသိမှားနေတယ်လို့ခေါ်ပါတယ်။
[ဟိတဓရဆရာတော်]
ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ(မိုးကုတ်)
=======================
ဟိတဓရသာသနာပြုဌာများ၏
အဓိပတိနာယကချုပ် ဟိတဓရဆရာတော်သည်
မိုးကုတ်မြို့ သဖန်းပင်ရပ်
အမှတ်(၂) အခြေခံပညာအလယ်တန်း
ကျောင်း၌ ယဉ်ကျေးလိမ္မာ ကလေးအထူးတရားကို
ဟောကြားချီးမြှင့်တော်မူပါသည်။
* ပညာတတ်ဖြစ်အောင်ကြိုးစားကြပါ။
ပညာဆိုတာ ပါဠိဘာသာ ပါဠိစကားလုံးပါ။
ပ+ညာ ဆိုပြီး နှစ်ခုခွဲကြည့်ရင်
ပ= အရှိ အရှိအတိုင်း
အမှန်ကို အမှန်အတိုင်း
ပညာ=သိတာ
အကုသိုလ်ကို အကုသိုလ်လို့သိတာ
ကုသိုလ်ကို ကုသိုလ်လို့သိတာ။
မိဘကို မိဘလို့သိရတယ်။
တချို့က မိဘကို မိဘဆိုတဲ့အသိစိတ်
ပျောက်နေကြတာ တွေ့နေရလို့ စိတ်ထဲ
မကောင်းဖြစ်မိတယ်။
အကုသိုလ်ကို ကုသိုလ်လို့ယူဆတာ
ကုသိုလ်ကို အကုသိုလ်ဆိုပြီးသိတာ
အဲဒါပညာမဟုတ်ဘူး။
တလွဲသိနေတာလို့ခေါ်တယ်။
အသိမှားနေတယ်လို့ခေါ်ပါတယ်။
[ဟိတဓရဆရာတော်]
သြဝါဒ ကထာ
"ဟိတဓရဆရာတော်ဘုရား၏ သြဝါဒကထာ"
အားလုံးအပေါ် မျှမျှတတတွေးပေးပါ။
မျှမျှတတ လုပ်ဆောင်ပါ။
လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာလဲ
မျှမျှတတတွေး မျှမျှတတလုပ်ပါ။
ဒါဆိုတကယ်ကြီးပွားတော့မှာပါ။
ဒီကနေ့ လောကြီးချမ်းသာနေတာက
မျှတလို့ပါ။ သမ္ပဒါ ၄ပါးထဲက
သမဇီဝတတာသမ္ပဒါဆိုတဲ့
မျှမျှတတတွေးခေါ် လုပ်ကိုင်တတ်တာဟာ
အရှုံးမရှိတဲ့တရားတစ်ခုပါပဲ။
အားလုံးအပေါ် မျှမျှတတတွေးပေးပါ။
မျှမျှတတ လုပ်ဆောင်ပါ။
လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာလဲ
မျှမျှတတတွေး မျှမျှတတလုပ်ပါ။
ဒါဆိုတကယ်ကြီးပွားတော့မှာပါ။
ဒီကနေ့ လောကြီးချမ်းသာနေတာက
မျှတလို့ပါ။ သမ္ပဒါ ၄ပါးထဲက
သမဇီဝတတာသမ္ပဒါဆိုတဲ့
မျှမျှတတတွေးခေါ် လုပ်ကိုင်တတ်တာဟာ
အရှုံးမရှိတဲ့တရားတစ်ခုပါပဲ။
Friday, September 21, 2018
ဟိတဓရဆရာတော်
ဟိတဓရဆရာတော်ဟူသည် အပိုင်း(၃)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်နေသောအချိန်
ရေစကြိုမြို့နယ် ပရိမ်သာရွာ၌ ဦးသာမောက်ဆိုသူ သူဌေးတစ်ယောက်
ရှိခဲ့ပါသည်။ သူဌေးဦးသာမောက်သည် စည်းကမ်းကြီးသည်။ အလုပ်ကို
လည်း စနစ်တကျလုပ်ကိုင်တတ်သည်။ ထို့ကြောင့် ရေလုပ်ငန်းဖြင့် ကျိကျိတက် ချမ်းသာလာခြင်းဖြစ်သည်။ သူဌေးဦးသာမောက်သည် စီးပွားတက်လာသည်နှင့်အမျှ ရွှေစတချို့ကို မြေကြီးထဲ၌ မြုပ်နှံစုဆောင်း
ထားလိုက်သည်။ တစ်ဖက်၌လည်း အလှူအတန်းတွေကို ရက်ရက်ရော
ရော ပေးလှူသည်။ ထိုအချိန် ဓားပြတစ်ဖွဲ့သည် ဝင်ငွေရွှင်နေသော
ဦးသာမောက်နေအိမ်ကို မျက်စိကျနေကြသည်။ ထိုအကြောင်းကို သူဌေး
ဦးသာမောက်လည်း ရိပ်မိသည်။ ထို့ကြောင့် သူသည်"ဓားပြတွေ ငါ့ကို
သတ်လိုက သတ်ပါစေ၊ ငါ၏ ပစ္စည်းဥစ္စာများကို မရှိနွမ်းပါး ဆင်းရဲသား
တို့အား ဝေငှပေးမည်"ဟု ဆုံးဖြတ်ထားသည်။ ထို့နောက် ဦးသာမောက်
သည် သမီးနှစ်ယောက်တို့အား ပစ္စည်းဥစ္စာတို့ကို အညီအမျှ ခွဲဝေပေးသည်။ ကျန်ကျန်သမျှသော
ပစ္စည်းဥစ္စာအားလုံးကို မရှိနွမ်းပါး ဆင်းရဲသားတို့အား ဝေငှပေးလေသည်။ လေးစားအတုယူဖွယ်
ကောင်းလေစွ။
တစ်နေ့သောအခါ ဓားပြအဖွဲ့သည် သူဌေးဦးသာမောက်နေအိမ်ကို အနုကြမ်းစီးကြသည်....
*ဟိတဓရဘုန်းဘုန်း
ကြည့်လိုက်တိုင်း ပြုံးတုံးတုံး
ချစ်စရာအကောင်းဆုံး ဒီအပြုံး...။
*ပလ္လင်ပေါ်မှာ တရားဟောနေ
စောင့်ထိန်းဣနြေ္ဒ
တည်တည်ငြိမ်ငြိမ်ဟောနေတော့
ကြည်ညိုစရာကောင်းလှပေါ့...။
*ဟန်ဆောင်မှုရှင်း မုသားကင်း
ဘုန်းဘုန်းမျက်နှာ ကြည်စင်ဝင်း....။
Thursday, September 20, 2018
ဟိတဓရဆရာတော်
ဟိတဓရဆရာတော်ဟူသည် အပိုင်း(၂)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
*လောကီအကျိုး လောကုတ္တရာအကျိုး ဒီနှစ်မျိုးကို
ဆောင်ရွက်ပေးနေပါသော ဆရာတော်ကို
ဟိတဓရဆရာတော်လို့ ခေါ်ပါတယ်။
*ပစ္စုန်ပ္ပန်အကျိုး သံသရာအကျိုး ဒီနှစ်မျိုးကို
ဆောင်ရွက်ပေးနေပါသော ဆရာတော်ကို
ဟိတဓရဆရာတော်လို့ ခေါ်ပါတယ်။
*အမျိုးဘာသာအကျိုး သာသနာအကျိုး ဒီနှစ်မျိုးကို
ဆောင်ရွက်ပေးနေပါသော ဆရာတော်ကို
ဟိတဓရဆရာတော်လို့ ခေါ်ပါတယ်။
>>မာန်မာနကင်း
သာသနာ့အလင်း
တက်ကြွရွှင်ပဝင်း...။
ဟိတ်ဟန်မပြ
အထင်ကရ
ပြည့်ဝအရည်အချင်း...။
ရုပ်ရည်မလှ စိတ်စေတနာအလှ
ကြည်စွ ဂုဏ်သတင်း...။
ကြည်ညိုဖူးမဝ"ဟိတဓရ"
လောက"လ"တစ်စင်း...။
{ဆက်လက် ဖော်ပြပါမည်}

ဟိတဓရဆရာတော် ဟူသည် အပိုင်း{၁}
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟိတဓရဆိုတာ...
ဟိတ = မိမိအတွက် မငဲ့ကွက်ဘဲ ကောင်းကျိုး ချမ်းသာ အဖြာဖြာကို
ဓရ = အယုတ်အလတ်အမြတ်မရွေး ဆောင်ရွက်ပြုလုပ် ပေးခြင်းသည်
ဟိတဓရ ဟု ခေါ်ပါသည်။
ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဖြူ မဲ ဆူကျုံ နိမ့်မြင့် မခွဲခြားဘဲ အယုတ်အလတ်အမြတ်မရွေး အားလုံးအားလုံးသောသူတို့၏ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ဆောင်ရွက်ပြုလုပ်ပေးတတ်သော ဆရာတော်ကို ဟိတဓရဆရာတော်လို့ ခေါ်ပါတယ်။
နောက်အဓိပ္ပါယ်တစ်မျိုးက...
ဟိတ= သူတစ်ပါးအတွက် အကျိုးစီးပွား ဟူသမျှကို၊
ဓရ= အချိန်နေ့ည မဆိုင်းတွဘဲ ချမ်းသာဖို့အရေး ဆောင်ရွက်ပေးခြင်း
သည် ဟိတဓရဟု ခေါ်ပါသည်။
သူတစ်ပါးအတွက်အကျိုးဖြစ်ထွန်းမယ်ဆိုရင် နေ့နေ့ညည အချိန်မရွေး
အကျိုးဆောင်ရွတ်ပေးတတ်သော ဆရာတော်ကို ဟိတဓရဆရာတော်လို့
ခေါ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)

Monday, September 17, 2018
ပန်းပက် ဟိတဓရ
ပန်ပက်ဟိတဓရပရဟိတကျောင်း အပိုင်း(၃)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်
=========================
ပန်ပက်ဟိတဓရပရဟိတကျောင်း၌
ကုသိုလ်ဖြစ်ဆေးခန်းကိုလဲ (၂၄)နာရီပတ်လုံး ဖွင့်လှစ်လျှက် ကုသပေးနေပါသည်။
ပညာရေးအခက်အခဲ ကြုံနေသူ ပထမ
တန်းမှစ၍ အဋ္ဌမတန်းထိ သားငယ် သမီးငယ် များကို ကြိုဆိုလကံ္ခကာ သင်ကြားစောင့် ရှောက် ပေးနေပါသည်။
ကျန်းမာရေးဝန်ထမ်း၊ ဝေယျာဝစ္စအဖွဲ့များထား
ရှိကာ တာဝန်ခံဆရာတော်များက အနီးကပ်
စောင့်ရှောက်ပေးလျှက်ရှိပါသည်။
နေ့စဉ်ကုန်ကျငွေစုစုပေါင်း
(၁၂၀၀၀၀)ကျပ်။
တစ်လတာကုန်ကျငွေစုစုပေါင်း
(၃၆၀၀၀၀၀)ကျပ်။
တစ်နှစ်တာကုန်ကျငွေစုစုပေါင်း
(၃၆၀၀၀၀၀၀)ကျပ်တို့ကို
နေ့စဉ် လစဉ် နှစ်စဉ် အကုန်ကျခံကာ ပံ့ပိုး လှူဒါန်းပေးနေပါသည်။
ဟိတဓရသာသနာပြုဌာများ၏ အဓိပတိ
နာယကချုပ် ဟိတဓရဆရာတော်နှင့်အတူ
သားငယ် သမီးငယ်လေးများရဲ့ စားဝတ်နေရေး
ပညာရေး အားပေးကူညီပံ့ပိုးလိုသူ မည်သူမဆို
လက်တွဲ၍ ဝိုင်းဝန်းသာသနာပြုနိုင်ကြရန် တင်ပြအပ်ပါသည်။
ဆက်သွယ်ရန်။ ။ ဟိတဓရဆရာတော်
Ph: 092033687
တာဝန်ခံဆရာတော်
Ph:09444655969

ပန်ပက်ဟိတဓရပရဟိတကျောင်း(၂)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်
=====================
ဟိတဓရသာသနာပြုဌာများ၏ အဓိပတိနာယကချုပ် ဟိတဓရ ဆရာတော်သည်
၁။ တောင်တန်းဒေသ ပညာရေးအခက်အခဲ ကြုံတွေ့နေကြရသော
တိုင်းရင်းသူ /သားများအား အစားပေး၊ နေရာပေး၊ ပညာပေး၊ ဓမ္မပေး
ဟူသော " ပေး - ၄ - ပေး" ဖြင့် မြန်မာနိုင်ငံ၌သာ ပညာ
သင်ယူနိုင်ကြစေရန်။
၂။ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် နေထိုင်
ကြရသော တိုင်းရင်းသူ/သားများ အမိမြေသို့ ပြန်လာပြီး
ပညာသင်ယူနိုင်ကြရန်။
၃။ နိုင်ငံတော်၏ သားကောင်း သမီးကောင်း ရတနာများ
ပေါ်ထွက်လာကြရန်။
၎။ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝစွာဖြင့် မိမိ ဘဝကို ပြန်လည်တည်
ဆောက်နိုင်ယူကြရန် ရည်ရွယ်ချက်ကောင်းများထားရှိကာ ပန်ပက်
ဟိတဓရပရဟိတကျောင်းကို တည်ထောင်ဖွင့် လှစ်ပေးခဲ့ခြင်း
ဖြစ်သည်။
ယခုပညာသင်နှစ်တွင်...
ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ ဆီဆိုင်၊ ရှားတော၊
လွိုင်ကော်မှ သားငယ်သမီးငယ်များ(၉၁)ဦး
လာရောက်ပညာသင်ယူနေကြပါသည်။
ဟိတဓရဆရာတော်၏ ညွှန်းကြားချက်အတိုင်း
ဆရာတော်ဦးစန္ဒိမာ၊ ဆရာတော် သူရမောင် အေး (မိုးဗြဲ) တာဝန်ခံဆရာတော်နှစ်ပါးတို့က ဆရာ/မ(၆)ဦးတို့နှင့်အတူ သားငယ်သမီးများ
ကို ပြုစုစောင့်ရှောက်ပေးနေကြပါသည်။
[ဟိတဓရဆရာတော်]
(ဆက်လက်ဖော်ပြပါမည်)

ပန်ပက် ဟိတဓရပရဟိတကျောင်း အပိုင်း (၁)
(ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်)
=========================
ဟိတဓရ သာသနာပြုဌာများ၏ အဓိပတိ နာယကချုပ် ဟိတဓရဆရာ တော်သည် လိုအပ်ချက် ကွက်လပ်ဖြည့် နိုင်ဖို့ရာ ဟိတဓရ သာသနာပြုဌာနများ (၁၀)ဌာနတို့ကို ဖွင့်လှစ်တော်မူခဲ့ပြီး ဖြစ်သည်။ ထို(၁၀)ဌာနတို့တွင် ပန်ပက် ဟိတဓရ ပရဟိတဌာနလည်း တစ်ဌာန အပါအဝင်ဖြစ်သည်။
ပန်ပက်ဟိတဓရပရဟိတကျောင်းသည်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာအုပ်စု၊ ရွမ်ကူးရွာလေး တွင် တည်ရှိ သည်။ ခက်ခက်ခဲခဲ တည် ထောင်ခဲ့ရ သည်။ ဗုဒ္ဓဘာသာမရှိ။ နတ်နှင့် ဘာသာခြားများသာ လွှမ်းမိုး နေခဲ့သည်။ထို့ကြောင့် ခက်ခဲခြင်းဖြစ် သည်။
ဘုန်းကြီးဆိုတာ အလှူခံသမား အယူသက်သက်ဟု အထင်မှားပြီး ဘုန်းကြီးကျောင်း ဆောက်လုပ်ခွင့်ကို ဒေသခံများ ဝိုင်းဝန်းကန့်ကွက်ကြသည်။
"ဘုန်းကြီးတို့က ဒီက ဒကာ ဒကာမတို့ရဲ့ သားသမီးတွေကို အခမဲ့ ပညာသင်ပေး ချင်လို့ ကူညီချင်လို့ ကျောင်းလာဆောက် ပေးတာပါ"လို့ နားလည်အောင် အကြိမ် ကြိမ် ပြောပြမှပရဟိတကျောင်းလေး ဆောက်ခွင့်ရခဲ့ပါသည်။

Subscribe to:
Posts (Atom)
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...
-
#တိုးချဲ့ အသစ်ဆောက်လုပ်မည့် (၃) ထပ်စာသင်ဆောင်အတွက် နဝကမ္မ (50000) ငါးသောင်းကျပ်ကို သန်းတစ်ရာထမင်းဆိုင်မိသားစု မှ ရွှေဘိုမြို့ အောင...
-
ဟိတဓရဆရာတော် ဟူသည် အပိုင်း{၁} °°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဟိတဓရဆိုတာ... ဟိတ = မိမိအတွက် မငဲ့ကွက်ဘဲ ကောင်းကျိုး ချမ်းသာ အဖြာဖြာ...
-
"ဟိတဓရဆရာတော်ဘုရား၏ သြဝါဒကထာ" အားလုံးအပေါ် မျှမျှတတတွေးပေးပါ။ မျှမျှတတ လုပ်ဆောင်ပါ။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာလဲ မ်...