Monday, December 31, 2018
မေတ္တာရှင် ဟိတဓရ ပရဟိတကျောင်း
#​မေတ္တာရှင်​ဟိတဓရပရဟိတပညာဒါန​ကျောင်းမှ ပညာသင်​ကြား​နေကြ​သော
သားငယ်​/သမီးငယ်​များအား ​ကျောင်းပိတ်​ရက်​မှာ ဆရာမသဲခိုင်​သက်​မှ ENGLlSH 
စကား​ပြောသင်​ကြား​ပေး​နေမူများ...။
မေတ္တာရှင် ဟိတဓရပရဟိတကျောင်း
#​မေတ္တာရှင်​ဟိတဓရပရဟိတပညာဒါန​ကျောင်းမှ သားငယ်​...
သမီးငယ်များအား
ကော့သောင်းမြို့ (၈)
မိုင်လူငယ်များအဖွဲ့ မှ နေ့ ဆွမ်းကို
သံဃာတော်များနှင့် သားငယ်...
သမီးငယ်များအား ဆက်ကပ်လှူဒါန်းပါသည်...။အသက်ရှည် ကျမ်းမာ
ဘေးရန်ကွာ၍ နှစ်သစ်မှာကောင်းမူ့ များစွာပြည့်ဝကြပါစေ...။
အစည်းအဝေးဖိတ်ကြားခြင်း
မြိုင်မြို့နယ် ဟိတဓရဖောင်ဒေးရှင်း နှစ်ပတ်လှည့်အစည်းအဝေးနှင့်
နွေရာသီ မြိုင်မြို့နယ်လုံးဆိုင်ရာ ဟိတဓရယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆွေးနွေးပွဲ ပင့်လျှောက် ဖိတ်ကြားခြင်း
**********************************************
အောင်မြေဟိတဓရ ပရဟိတကျောင်း
ဆပ်ပြာမှုန့် ။သွားတိုက်ဆေး။အမွှေးခဲ။သင်္ကန်းကုသိုလ်ရှင်
==============
သစ္စာဝါဒီအရှင်
(ဇေယျာရွှေမြေ) ရွှေဘိုမြို့
ရွှင်လန်းချမ်းမြေ့ကြပါစေ
31•12•2018
အောင်မြေဟိတဓရ ပရဟိတကျောင်း
ဟိတဓရသာသနာပြုဌာနပညာဒါနကျောင်း
ညနေခင်းအာဟာရဒါနကုသိုလ်ရှင်
ဦးအေး+ ဒေါ်ဝင်းလွင်
 မိသားစု
အောင်မြေဟိတဓရ ပရဟိတကျောင်း(8)(9)(10)တန်း
 သားငယ်သမီးငယ်လေးများအား
ညနေခင်းအာဟာရဒါန
ကျွေးမွေးလှူ ဒါန်းကြပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
30•12•2018
မဟာမြိုင်
မင်္ဂလာရှိသောနေ့ ရက် လ နှစ်ဖြစ်နိုင်ကြပါစေ။
   * * * * * * * *
 (31-12-2018)
စက်စဲ ဆန်ဆွမ်းခံအပြီး သံဃာတော်များ
နေ့ဆွမ်း ဘုဉ်းပေးနေကြသော မြင်ကွင်းလေး
တွေပါ။
စက်စဲ ဝေယျာဝစ္စအဖွဲ့များမှ အစစအရာရာ
ပြည့်ပြည်စုံစုံ ဆောင်ရွက်လှူဒါန်း ကုသိုလ်
ပြုလုပ်ပေးကြပါတယ်။
မဟာမြိုင်
စက်စဲ စံပြကျေးရွာ
 ************
မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်ကြီးသည်
မိမိကျောင်းတိုက်ရှိ စာသင်သံဃာတော်တို့အား
နှစ်စဉ် ဘုရားဖူးပို့ဆောင်ပေးလေ့ရှိရာ ကျိက္ခမီ စက်စဲခရီးစဉ်တွင်
မဟာမြိုင်သံဃာတော်တွေကိုမြင်တွေ့ကြည်ညို၍ ဤသံဃာများကို ဆွမ်းကပ်ပါရစေဟု စက်စဲ ကျိက္ခမီမြို့မှ ဒါယကာ ဒါယိကာမများက
လျောက်ထားကြသောကြောင့် နေ့ချင်းပြန်လို့ရပေမယ့် ညအိပ်ခရီးစဉ်အနေဖြင့်ကြွခြင်း
သံဃာတော်တွေကို ဆွမ်းဆန်စိမ်စသည်တို့ကို လှူဒါန်းလိုပါသည်ဟု ထပ်ဆင့်လျှောက်ထားကြသောကြောင့် မြတ်စွာဘုရားရှင်လက်ထက်က မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဦးဆောင်၍ ရဟန်းတော်(၅၀၀) ဖြင့် တန်းစီ၍ကြွသည့်အခါ ချမ်းသာဆင်းရဲ မည်သူမဆို ကုသိုလ်ပြုခွင့်ရသကဲ့သို့
သံဃာတော်အများ တန်းစီကြွလာသည့် မြင်ကွင်းလေးမြင်ရလျှင် အနည်းဆုံး လက်အုပ်ချီပြီး ရှိခိုးတဲ့ကုသိုလ် သံဃာကိုဖူးတွေ့ခွင့်ရတဲ့ သမဏာနဉ္စဒဿနမင်္ဂလာ
ဂါရဝနိဝါတမင်္ဂလာ ဒါနမင်္ဂလာ စတဲ့ ကုသိုလ်မင်္ဂလာတွေကို မြို့သူမြို့သား ခရီးသွားပြည်သူများ ရနိုင်ပါစေဆိုပြီ သံဃာတော်တွေ အခုလိုကြွနေခြင်းဖြစ်ပါသည်။
တကယ်တော့ ဒီခရီးစဉ်လေးက မဟာမြိုင်ကျောင်းသို့ အသစ်ရောက်လာသည့် စာသင်သားသံဃာတွေ စက်စဲ ကျိက္ခမီ ရေလည်ဘုရားသမိုင်း ဒေသန္တရဗဟုသုတရရှိစေဖို့ ခရီးစဉ်လေးပါ။
ယခုနှစ်မှာတော့ ဒီခရီးစဉ်လေးအပြင် သီတကျွတ်လမှာလဲ သံဃာ(၂၀၄)ပါးတို့အား နေပြည်တော်သို့ လေ့လာရေးနဲ့ ဘုရားဖူးခရီးစဉ်လေးပို့ပေးပြီးဖြစ်ပါပြီ။
တပည့်သံဃာများလည်း စာမေးပွဲတွေဖြေဆိုအောင်မြင်၍ သာသနာတော်အတွက် အားဖြစ်စေမည့် သာသနာ့ဝန်ထမ်းရှင်ရဟန်းကောင်းများဖြစ်ကြပါစေ။
အထူးသဖြင့် ယခုနှစ်မှာ ပညာရေးများကောင်းမွန်တိုးတက်ပြီး
ဖြေဆိုအောင်မြင်ကြပါစေ။
ဗုဒ္ဓဘာသာဝင်အပေါင်းလည်း မိမိဘာသာတရားကို တန်ဘိုးထားတတ်ပြီး
သာသနာပြုနိုင်သူများဖြစ်ကြပါစေ။
မဟာမြိုင်
ကျိက္ခမီရေလည်ဘုရားတွင် ဘုရားရှိခိုးနေစဉ်
     ++++++++++    ++++++++++
နေရာပြောင်းသွားလျှင်လည်း
မူဝါဒကောင်းကိုတော့ မပြောင်းမိကြစေနဲ့ဆိုသည့်အတိုင်း
မဟာမြိုင် ပရိယတ္တိစာသင်တိုက် သံဃာတော်များ၏
ကျိက္ခမီ ရေလယ်ဘုရားတွင် ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင်း
ငါးစားကြွေးခြင်းကုသိုလ်များ ပြုလုပ်မှုမှတ်တမ်းလေးပါ။
အများသူငှာ ကြည်ညိုသဒ္ဓါပွားနိုင်စေရန် တင်ပြအပ်ပါသည်။
ဟိတဓရ ဆရာတော်
၃၁.၁၂.၂၀၁၈
**********
မင်္ဂလာပါ။
ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာ အထူးဓမ္မသဘင် တတိယညတွင် ၁၅ ဘွဲ့ရ "ပ" သုံးလုံးသာသနာပြု ဟိတဓရဆရာတော်ဘုရားမှ တရားဒေသနာများ ဟောကြားချီးမြှင့်ပေးတော်မူခဲ့ပါသည်။
ပန်းပက်ဟိတဓရ ပရဟိတကျောင်း
ဟိတဓရဆရာတော် ဦးစီးတည်ထောင်သော ကယားပြည်နယ် ပန်ပက် ပရဟိတကျောင်း၌ အမျိုးသားဆောင် ဆောက်လုပ်ရန်အတွက်  ရန်ကုန်မြို့ မေတ္တာတံခွန်အသင်း မှ လှူဒါန်းထားသော အလှူငွေများဖြင့် နေ့မနားညမနား စတင် အကောင်ထည်ဖော် ဆောင်ရွက်နေပါသည်။
ဘတ်ဖေားကို သဲတူးဖိုးငှားတယ် ကားသုံးစီးက ဆီထည့်သုံးတယ်။ကားပိုင်ရှင်တွေကတော့ နှစ်သစ်မှာ အလှူဒါနနှင့်စတာပေါ့။
အလှူရှင်များ ကိုယ်စိတ်နှာဖြာဘေးရန်ကွာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...