Saturday, January 19, 2019
ပြာသိုလပြည့် အမေများနေ့
ပြာသိုလ်​လပြည့်​ အ​မေများ​နေ့မှာ ဟိတဓရဆရာ​တော်​နှင့်​တပည့်​သာဝကများ စု​ပေါင်း၍ အမှတ်​တရ ပါရမီ​မြောက်​ကုသိုလ်​ထူးများ စု​ဝေးရာ ဟိတဓရ ပဋိပတ္တိဌာန ​တောစခန်းရိပ်​သာ...သို့...
ပြာသိုလ်​လပြည့်
19.1.2019
အ​မေများ​နေ့ မှာ ဟိတဓရဆရာ​တော်​ နှင့်​ တပည့်​သာဝကများ ပြုလုပ်​မည့်​ ကုသိုလ်​များ...
၁။တုနှိုင်းမဲ့ မဟာဂရုဏာ​တော်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကြီး ရတနာအုပ်​မြစ်​​တော်​စီမင်္ဂလာ
၂။ဖား​အောက်​​တောရဆရာ​တော်​ကြီး၏ စံ​ကျောင်း​တော်​ ​ရေစက်​ချအလှူမင်္ဂလာ
၃။သာသန​မြေ​ရေစက်​ချအလှူမင်္ဂလာ
၎။တစ်​ပါး​ကျောင်း​ရေစက်​ချအလှူမင်္ဂလာ
၅။အမတဒါန ဓမ္မဒါန တရားအလှူ​တော်​မင်္ဂလာ စ​သောကုသိုလ်​ထူးများကို ပြုလုပ်​သွားမှာဖြစ်​ပါသည်​...။
ဟိတဓရ ပဋိပတ္တိဌာန ​တောစခန်းရိပ်​သာ 
 { ၄၆ } မိုင်​ { ၂ } ဖာလုံ
အမြန်​လမ်း
19.1.2019
==============
#ဒေါ်ဒေါင်းရီ သ္မီး မသီတာခိုင် မစန္ဒာခိုင်(10000)ကျပ်
#ဦးသောင်းညို+ဒေါ်သန်းရွှေ မိသားစု(5000)ကျပ်
#ဦးကျော်နိုင်မင်း+ဒေါ်ခင်ခင်ထွေး မိသားစု(5000)ကျပ်
ဦးသန်းထွန်း+ဒေါ်မမကြီး မိသားစု (5000)ကျပ်
မသီတာခိုင် သမီး=ဝင်းသီရိဖြိုး(5000)ကျပ်
မဝိုင်းခင်(5000)ကျပ်
ဦးသန်းလင်း+ဒေါ်လှလှမြင့် မိသားစု(5000)ကျပ်
ဒေါ်ဌေးကြွယ်=သ္မီး မဝိုင်း(5000)ကျပ်
ဦးအောင်ကျော် ဦးဝင်းမောင်(5000)ကျပ်
ဦးသောင်းထွန်း+ဒေါ်မာမာခိုင် မိသားစု(5000)ကျပ်
ဦးအောင်ထွန်း+ဒေါ်ချစ်ချစ်ဝင်း မိသားစု(5000)ကျပ်
ဦကံလှ+ဒေါ်စောမေ မိသာစု
(5000)ကျပ်
ရွှင်လန်းချမ်းမြေ့ကြပါစေ
2•1•2019
ရွှင်လန်းချမ်းမြေ့ကြပါစေ
22•12•2018
မဟာမြိုင် စာသင်တိုက်
မင်္ဂလာရှိသောညချမ်းလေးပါ။
   * * * * * 
(19-1-2019)
မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိ
စာသင်တိုက်မှ သံဃာတော်များ အပတ်စဉ်
စာမေးပွဲဖြေဆိုနေကြသော ကြည်ညိုဖွယ်ရာ
မြင်ကွင်းလေးတွေပါ။
ပဋိပတ်သည်-ပရိယတ်မကင်းသော
ပဋိပတ်ဖြစ်ရမည်။
ပရိယတ်သည်လည်း-ပဋိပတ်ကိုဦးတည်နေသော
ပရိယတ်ဖြစ်ရမည်။
(ဖားအောက်တောရဆရာတော်)
ဖူးမြော်ကြည်ညို ကုသိုလ်ယူနိုင်ကြပါစေ။
Monday, January 14, 2019
ဖိတ်ကြားနှိုးဆော်အပ်ပါသည်။
*** ဖိတ်ကြား တိုက်တွန်း နိုးဆော်အပ်ပါသည်
 ***ပသုံးလုံး သာသနာပြု ဟိတဓရဆရာတော်သည် အားလုံးသောသူတော်ကောင်း အပေါင်းတို့အား
ကျေးဇူးသိတတ် ကျေးဇူးဆပ် မိတ်မြတ် မိတ်ကောင်းရှိပါစေ ဆိုသည့်မြတ်ဗုဒ္ဓ အဆုံးအမ ဒေသနာတော်နှင့် အညီ ပြာသိုလပြည့်နေ့ အမေများနေ့  အထိမ်းအမှတ် 
အနန္တကျေးဇူးရှင်
မိဘများကို ဂုဏ်ပြုပူဇော်သောအားဖြင့် ဗုဒ္ဓပူဇာ ဓမ္မပူဇာ သံဃပူဇာ  ရတနာသုံးပါး ပူဇော်ပြီး  ကုသိုလ်ကောင်းမှုဖြင့် ကျေးဇူးဆပ်၍ သူတော်ကောင်းတရား ထွန်း
လင်းပြန့်ပွားအောင် ကျိုးစားပြုလုပ်
အားထုတ်သွားပါမည်
အတူတကွ လက်တွဲ၍ အနန္တကျေးဇူးရှင်များကို နည်းမှန်လမ်း
မှန်ဖြင့် ကျေးဆပ်ပူဇော်နိုင်ပါရန်  တိုက်တွန်းလိုက်ရပါသည်။
 {{{ဥာဏ်တော်အမြင့်(၃၆)ပေ-ပလ္လင်တော်အမြင့်(၉)ပေ ရှိ ရပ်တော်မူဗုဒ္ဓမြတ်စွာဘုရားတော်မြတ်ကြီးအတွက် သဒ္ဓါသရွေ့ မည်သူမဆို ပါဝင်လှူ ဒါန်းနိုင်ပါသည်}}}
နေရာ> ၄၆ မိုင် ၂ ဖာလုံ အမြန်လမ်းမကြီး။ 
           ဟိတဓရ ပဋိပတ္တိတောစခန်းရိပ်သာ
(၄၆)မိုင်(၂)ဖာလုံ ရန်ကုန်=မန္တလေး အမြန်လမ်းမကြီး ဟိတဓရပရိပတ္တိတောစခန်းရိပ်သာ-----
Sunday, January 13, 2019
နိဗ္ဗာနမဂ္ဂလမ်းအလှူတော်
နိဗ္ဗာနမဂ္ဂဒါန လမ်း​အလှူ​တော်
:::::::::::::::::::::::::::::::::::::::::::::::::
ဟိတဓရဓမ္မဝိဟာရ​ကျောင်းတိုက်​တွင်​ တည်​​ဆောက်​ခင်းကျင်း​နေ​သော
ကျောင်းအဝင်​လမ်းကြီးအတွက်
၁။ မသင်းထက်​​ဇော်​ ဓမ္မပါလအသင်း သာ​ကေတ မှ (၃)​သောင်းကျပ်​ ​လွှဲပို့ လှူဒါန်းပါသည်​။
အလှူရှင်​မိသားစုနှင့်​တကွ ခပ်​သိမ်း​သော သတ္တဝါတို့ ကျန်းမာ ချမ်းသာကြပါ​စေ။
လမ်းလှူရကျိုးတရား ၅ပါး ​နေ့ညမခြား ရရှိခံစားနိုင်​ပါ​စေ။
နိဗ္ဗာနမဂ္ဂ နိဗ္ဗာန်လမ်း​​အလှူ​တော်​ ပါဝင်​လှူဒါန်းနိုင်​ရန်​ နှိုး​ဆော်​လွှာ
::::::::::::::::::::::::::::::::::::::::::::::::::::::::
ပသုံးလုံးသာသနာပြု ဟိတဓရဆရာ​တော်​ဘုရား၏ သာသနာပြုဌာနများတွင်​ တစ်​ခုအပါအဝင်​ဖြစ်​​သော ဟိတဓရဓမ္မဝိဟာရ​ကျောင်းတိုက်​ - လှည်းကူး ၏
ကားလမ်းမမှ ​ကျောင်းသို့ဝင်​ရာလမ်းသည်​ မိုးရာသီတွင်​ ဗွက်​ထ ၊ ​နွေရာသီတွင်​ ဖုန်​ထူပြီး သွားရ၊ လာရ အလွန်​ခက်​ခဲပြီး အများသူငါ မချမ်းသာသဖြင့်​ လိုရာခရီး လျင်​မြန်​စွာ ​ရောက်​​စေနိုင်​ခြင်းငှါ
ဟိတဓရဆရာ​တော်​ဘုရား၏ ဩဝါဒနှင့်​ အညီ (ကွန်​ကရစ်​မခင်းနိုင်​​သေး၍) လမ်း​ဘေးနှစ်​ဖက်​ အုတ်​ရိုးစီကာ အလယ်​တွင်​ သဲ ​ကျောက်​​ရော လမ်းခင်းပါမည်​။
မိန်းလမ်းမမှ ​ကျောင်းထိ အဝင်​လမ်း အရှည်​​ပေ ၈၇၅ ​ပေရှိပါသည်​။
၁။ အုတ်​ (၁၀၀)လုံးလျှင်​ (၈၅၀၀) ကျပ်
     ခန့်​မှန်း အုတ်​အလုံး​ရေ (၂၇၀၀၀)
၂။ ဘိလပ်​​မြေတစ်​အိတ်​လျှင်​ (၅၅၀၀) ကျပ်
     ခန့်​မှန်း ဘိလပ်​​မြေအိတ်​ (၇၀)
၃။ သဲ (၃၀) ကျင်း
၎။ လမ်းခင်း​ကျောက်​ (၁)ကျင်းလျှင်​ (၇၅၀၀၀)ကျပ်​ နှုန်းဖြင့်​ မည်​သူမဆို တတ်​အားသ​ရွေ့ ပါဝင်​ လှူဒါန်းနိုင်​ပါသည်​။
ခန့်​မှန်း ကုန်​ကျ​ငွေ (၄၅)သိန်းခန့်​ ကုန်​ကျပါမည်​။ 
Wave money မှလည်း လွဲပို့ လှူဒါန်းနိုင်​ပါသည်​။
ဆက်​သွယ်​ လှူဒါန်းရန်​ -
အရှင်​ဝိ​သေဋ္ဌ
တာဝန်​ခံနာယက
09260069969၊ 
ဟိတဓရဓမ္မဝိဟာရ​ကျောင်းတိုက်​၊ 
ကျွန်းက​လေးစံပြ​ကျေးရွာ၊ လှည်းကူးမြို့။
Friday, January 4, 2019
မဟာမြိုင် ပရိယတ္တိစာသင်တိုက်
မင်္ဂလာရှိသောနေ့လည်ခင်းလေးပါ။
   - - - - - - - - - - 
(4-1-2019)
မော်လမြိုင်မြို့ မဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ
သံဃာတော်များအား ဒေါ်ခင်သိန်းဆေးဆိုင်
မိသားစုများမှ အချိုရည်များလှူဒါန်း
ကုသိုလ်ယူနေကြသော မြင်ကွင်းလေးတွေပါ။
ဝမ်းမြောက်နုမော် သာဓု ခေါ်ယူ ကုသိုလ်ပြုနိုင်ကြပါစေ။
Thursday, January 3, 2019
အောင်မြေ ဟိတဓရ ပရဟိတကျောင်း
(၃) ထပ်စာသင်ဆောင်အတွက်
နဝကမ္မ (50000) ငါးသောင်းကျပ်ကို
သန်းတစ်ရာထမင်းဆိုင်မိသားစု မှ 
အသစ်ဆောက်လုပ်မည့် (၃) ထပ် စာသင်ဆောင်အတွက်
စေတနာသဒ္ဓါတရာထက်သန်စွာ ကုသိုလ်ပြု လှူ ဒါန်းကြပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
3•1•2019
ကသာခရိုင် ဟိတဓရ ဓမ္မစကူလ်း
ကသာမြို့ပေါ်နဲ့မြို့နယ်အတွင်းက
အာစိဏ္ဏကံကုသိုလ်စုဗူး အလှူရှင်များအား
ဒုတိယအကြိမ်ရေစက်ချတရားပွဲကို
ကသာမြို့တော်ခန်းမ ၌
မနက်ဖြန်
4.1.2019,fri နေ့မှ
6.1.2018,sun နေ့ထိ
၃ရက် တိတိကျင်းပပြုလုပ်မှာဖြစ်ပြီး
ပထမနေ့ 4.1.2019,သောကြာနေ့ ည ၇နာရီ အချိန်တွင်
ပြည်တွင်းပြည်ပသာသနာပြု၊
၁၅ ဘွဲ့ရ၊
ဟိတဓရဆရာတော် အရှင်ဝိမလာဘိဝံသ
ဒုတိယနေ့
5.1.2018,စနေနေ့တွင်
မွန်ပြည်နယ်၊မုတ္တမမြို့
မြစေတီနန်းဦးပရိယတ္ထိစာသင်တိုက် ပဓာန နာယက
မြနန်းဆရာတော် အရှင်သဒ္ဓမ္မ
တတိယနေ့
6.1.2018,တနင်္ဂနွေနေ့တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွှားရေးအဖွဲ့
(ဗဟို)အလုပ်အမှု့ဆောင်နှင့်
သင်တန်းများတာဝန်ခံ၊
စာပေမြတ်နိုးသူများအသင်း
(Y.B.C)အတွင်းရေးမှုး
ဆရာတော်
အရှင်ဇောတိသာရ တို့မှ
နိဗ္ဗန်ရောက်ကြောင်းတရားများ
ဟောကြားတော်မူပြီး
တရားပွဲအပြီးမှာ
အာစိဏ္ဏကံကုသိုလ်စုဘူး နှင့်
လစဉ်အလှူရှင်များအား
ဂုဏ်ပြုမှတ်တမ်းများပေးအပ်ပြီး
ရေစက်ချတရားဟောကြားပေးမည်ဖြစ်ပါ၍.
 တရားတော်နာကြွရောက်ကြပါရန် နိုးဆော်အပ်ပါသည်။
( အလှူရှင်များအားလည်းသက်ဆိုင်ရာ
နေ့ရက်အလိုက်ဖိတ်စာများပေးပို့ဖိတ်ကြားထားပါသည်။)
      ကသာခရိုင်ဟိတဓရဓမ္မစကူးလ်အဖွဲ့
Wednesday, January 2, 2019
မင်္ဂလာပါ  မြိုင်မြို့နယ်လုံးဆိုင်ရာ နွေရာသီ ယဉ်ကျေးလိမ္မာ
စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသော ယဉ်ကျေးလိမ္မာသင်တန်းဌာနများ သိစေရန်။
**********************************************
၂.၁.၂၀၁၉ မြိုင်မြို့နယ် ဟိတဓရဖောင်ဒေးရှင်း နှစ၂၀၁၉ -ပညာနှစ် မြိုင် ဟိတဓရဖောင်ဒေးရှင်းအဖွဲ့မှ 
စတုတ္ထအကြိမ်မြောက် ကျင်းပမည်ဖြစ်သော
နွေရာသီ မြိုင်မြို့နယ်လုံးဆိုင်ရာ ဟိတဓရယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆွေးနွေးပွဲမှ အစည်းအဝေးဆုံးဖြတ်ချက်များ။
==============
#ဒေါ်ဒေါင်းရီ သ္မီး မသီတာခိုင် မစန္ဒာခိုင်(10000)ကျပ်
#ဦးသောင်းညို+ဒေါ်သန်းရွှေ မိသားစု(5000)ကျပ်
#ဦးကျော်နိုင်မင်း+ဒေါ်ခင်ခင်ထွေး မိသားစု(5000)ကျပ်
ဦးသန်းထွန်း+ဒေါ်မမကြီး မိသားစု (5000)ကျပ်
မသီတာခိုင် သမီး=ဝင်းသီရိဖြိုး(5000)ကျပ်
မဝိုင်းခင်(5000)ကျပ်
ဦးသန်းလင်း+ဒေါ်လှလှမြင့် မိသားစု(5000)ကျပ်
ဒေါ်ဌေးကြွယ်=သ္မီး မဝိုင်း(5000)ကျပ်
ဦးအောင်ကျော် ဦးဝင်းမောင်(5000)ကျပ်
ဦးသောင်းထွန်း+ဒေါ်မာမာခိုင် မိသားစု(5000)ကျပ်
ဦးအောင်ထွန်း+ဒေါ်ချစ်ချစ်ဝင်း မိသားစု(5000)ကျပ်
ဦကံလှ+ဒေါ်စောမေ မိသာစု
(5000)ကျပ်
ရွှင်လန်းချမ်းမြေ့ကြပါစေ
2•1•2019
ရွှင်လန်းချမ်းမြေ့ကြပါစေ
22•12•2018
သိမ်ရေစက်ချ အကြိုဓမ္မသဘင်
သိမ်​​တော်​​ရေစက်​ချ-အကြိုဓမ္မသဘင်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
စစ်​ကိုင်းတိုင်း ၊​ရွှေဘိုမြို့နယ်​ ၊​မြောင်းကြီး​ကျေးရွာ ၊​အောင်​​မြေဟိတဓရ ပရဟိတ​ကျောင်းဝင်းအတွင်း၌ သိမ်​ဒါယကာ ဦး​အောင်​လှိုင်​ထွန်း+သိမ်​ဒါယိကာမ ​ဒေါ်မိုးမိုးခိုင်​ ​ရွှေဘုရင်​မ မိသားစု တို့ ​ဆောက်​လုပ်​လှူဒါန်းအပ်​​သော သာသနဟိတဓရ သိမ်​​တော်​ကြီး ပြီးစီး​အောင်​မြင်​ပြီမို့ ​သိမ်​​ကျောင်း​တော်​​ရေစက်​ချမင်္ဂလာ ပြုလုပ်​မည်​ဖြစ်​ရာ အကြိုဓမ္မသဘင်​အဖြစ်​ ​ရွှေဘုရင်​မ မိသားစု မှ ဓမ္မဒါနပြုလုပ်​မည်​ဖြစ်​ပြီး ဟိတဓရဆရာ​တော်​ မှ နိဗ္ဗာန်​​ရောက်​​ကြောင်းတရား​တော်​များ ​ဟောကြားချီးမြင့်​မည်​ဖြစ်​ရာ တရား​တော်​နာ ကြွ​ရောက်​ကြပါရန်​ နိဗ္ဗာန်​အကြိုး​မျှော်​ နှိုး​ဆော်​လိုက်​ပါသည်​...။
ဓမ္မကထိကဆရာ​တော်
🙏🙏🙏🙏🙏🙏🙏
"ပ"သုံးလုံးသာသနာပြု ဟိတဓရဆရာ​တော်
ဓမ္မဒါနကုသိုလ်​ရှင်
🔈🔈🔈🔈🔈🔈
"​ရွှေဘုရင်​မ" မိသားစု
📅​နေ့ရက်​။   ။ပြာသိုလဆန်း{၁၂]ရက်
⌚အချိန်​  ။   ။ည[၇]နာရီ
👉​နေရာ   ။   ။အောင်​​မြေဟိတဓရ 
                    ပရဟိတ​ကျောင်း
အောင်​​မြေဟိတဓရ ပရဟိတ​ကျောင်း
ရွှေဘို-မြစ်​ကြီးနားလမ်း
ဆွမ်းပဒေသာပင် အလှူ
ဆွမ်းပဒေသာပင်အလှူ
**************
မဟာမြိုင် ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းပဒေသာပင်အဖြစ် 
မော်လမြိုင်မြို့ တောင်ဝိုင်းဘိုးဘွားရိပ်သာရှိ အဘွားအမာကြည်မှ နဝကမ္မအလှူငွေ တစ်သိန်းကျပ် အဘွားအုန်းကြည်နှင့်မြေးလေး မဆူမိုမှ နဝကမ္မအလှူငွေ တစ်သိန်းကျပ် အားလည်းကောင်း ဆက်ကပ်လှူဒါန်းသွားပါသည်။ 
အလှူရှင်များဖြစ်ကြသော ဘွားဘွားတို့သည် ဤကုသိုလ်ကောင်းမှုကြောင့် အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားတိုးခြင်း ဉာဏ်ပညာကောင်းခြင်းဟူသော ဆွမ်းအကျိုးတရား ငါးပါးတို့နှင့် ပြည့်စုံနိုင်ကြပါစေကုန်သတည်း။ ဝမ်းမြောက်နုမော် သာဓုခေါ်စေသော်။ 
နတ်တော်လဆုတ် ၁၁ ရက် ဗုဒ္ဓဟူးနေ့။
နတမမတောင်ဟိတဓရ
 မနက်စောစော ချင်းပြည်နယ်  ကန်ပက်လက် နတ်မတောင် ဟိတဓရ ပရဟိတကျောင်း
သားငယ်သမီးငယ်များအတွက်  စေတနာသဒ္ဓါတရား ထက်တန်စွာနဲ့
 လှူဒါန်းကြသော ပစ္စည်းများအားလုံး အဆင်ပြေချောမောစွာ ဖြစ်စေ
ဖို့အရေး  တစ်နေကုန် လုံးပန်း တင်ဆောင်နေရတာ
ခုထိ မပြီးသေး    ခေါင်းဆောင်လုပ်ရတာ တော်တော်နဲ့မလွယ်
 အစစ အရာရာ  ကိုယ့်ခေါင်းပေါ်ကြီးဖြစ်တဲ့အတွက်   လိုရာခရီး
 မရောက်မချင်းတော့ စိတ်မအေးရသေးဘူးပေါ့ ဗျာ    ခေါင်းရှောင်
 တယ်လို့လည်း အထင်မခံနိုင်
 အသေးအမွှားလေးတွေကအစ   လိုက်ကြည့်နေရတယ် ။
  ဒါပေမဲ့  ဘာပဲပြောပြော  ပျော်ပါတယ်လေ ။  ကိုယ်ကြိုက်နှစ်သက်
  ကိုယ်ဝါသနာပါလို့
   ရွေးထားတဲ့လမ်းပဲ ။
    ****
   လေးစားရတဲ့    ချစ်ညီတော်မောင်ကြီး   ဟိတဓရပရဟိတများရဲ့  
     နာယက   မောင်ဝိမလာဘိဝံသ ပြောသလိုပ
   အိမ်းးးး ဘယ်လောက်ကြီးပဲ ပင်ပန်းနေပါစေ  သားသမီးတွေများရဲ့  
   မျက်နှာတွေ မြင်ရတော့လည်း  မောပမ်းတောတွေ  ဘယ်ဆီရောက်မှန်း တောင်မသိ  ဆိုသလိုပ 
 ဘာပဲပြောပြော  ကျေနပ်ပါတယ်လေ   ချင်းပြည်နယ်ခရီးစဉ်အတွက်
လှူဒါန်းသူအားလုံးရွှင်ပြုံးပီတိ  ဘဝင်မှာ  အမြဲရရှိကြ၍ ဘယာတွေလည်းဝေးကြပါစေ ။  လိုရာတွေလည်းဆောလျင်မကြ ပြည့်
ဝကြပါစေ။  ချင်းပြည်အသွား   အဆင်ပြေရန် ကားနှစ်စီးအတွက်
@@@@@ပြည်မြို့  ရွာဘဲရပ်  နိဗ္ဗိန္နအနီး  လမင်းရောင်ဆီဆိုင်မှ
   မိမိ  ရေဘေး  လေဘေး   ပရဟိတတွေ  သွားတိုင်း မညီးမညူ
  လှူဒါန်းပေးပါသော  မအိ  မိသားစု     ဦးစိန်ဟန်  မဋ္ဌေး  မိသားစု
နဝင်း ပြည်   ဦးသန်းနိုင်စိုး   အန်တီညွန် ခေတ္တမုံရွာ
  အောင်လံမြို့နယ်  ကွမ်းလောင်း ဘာဝနာကုန်းပေါက်  စန်းစန်းနိုင်
 ပဲကြော်ဖို မိသားစု       သရက်ကျွန်းမှ ခင်စန်းအေး   မပြုံး   
   ကောင်မလေးနှင့်  အဖွဲ့သားများ      ဥဿျှစ်ပင် ညောင်ခြေထောက်
 ဓမ္မထေရီအမြဲတမ်းဓမ္မရိပ်သာ  မိသားစု   သိရီလက္ခဏာရာမဆရာတော်  ညီတော် စီုးညာဏ
@@@@  အောင်လံမြို့နယ်  ကွမ်းလောင်းရွာ  ဘာဝနာကုန်း
 ဓမ္မရိပ်သာဆရာတော် နောင်တော်ကြီး ဦးပညာသာရ   ကိုထွန်းထွန်းဝင်း မအေးအေးမွန် မိသားစု  ပဲကြီး တိုးချဲ့ ရပ်ကွက်
ခရမ်းသုံးခွမှ  သူငယ်ချင်း  မောင်ဓမ္မသာရ   အားလုံးတို့အားအထူးကျေး
ဇူးတင်ရှိပါကြောင်း   စုပေါင်းညီညာ  အောင်ကြောင်းဖြာဆိုတဲ့ အတိုင်း
ဟိတဓရ များရဲ့ ကိုယ်စား မှတ်တမ်းတင်အပ်ပါ၏။
    မေတ္တာများစွာဖြင့်        
Credit-   နိုးသရီး
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...