ကသာမြို့နယ်ဟိတဓရဓမ္မစကူးလ်အဖွဲ့နှင့်
ပညာရေးမိသားစုတို့ ပူးပေါင်းစီရင်ကျင်းပအပ်သော “ဗုဒ္ဓဝင်ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲ
=======================
အစီအစဉ်အကျဉ်း
•••••••••••••••••••••••
✔️(၁) စာရင်းပေးသွင်းခြင်း
(က) ပါဝင်ယှဉ်ပြိုင်မည့် အခြေခံပညာကျောင်း(၁)ကျောင်းလျှင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် (၂၀)ဦး၊
အလယ်တန်းအဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲဝင်(၂၀)ဦး စုစုပေါင်း (၄၀)ဦး စာရင်းပေးသွင်းနိုင်ပါသည်။
(ခ) ကသာမြို့နယ်ဟိတဓရဓမ္မစကူးလ်ဌာနများမှ သင်တန်းသား/သူများ အရေအတွက် အကန့်အသတ်မရှိ စာရင်းပေးသွင်းနိုင်ပါသည်။
မှတ်ချက်။ ပြိုင်ပွဲဝင်စာရင်းများကို(17-10-2018)နေ့ နောက်ဆုံးထား၍ ကသာမြို့ ရပ်ကွက်(၃) “နဝရတ်မိတ္တူ”ဒေါ်စုစုငြိမ်းအေး(ဟိတဓရဓမ္မစကူးလ် အကျိုးတော်ဆောင်)ထံသို့ ပေးပို့ပါ ရန်။
✔️(၂) ပြိုင်ပွဲဝင်အတန်းနှင့်အဆင့်သတ်မှတ်ချက်
(က)အခြေခံပညာ အထက်တန်းကျောင်း များမှ (၇)တန်း၊ (၈)တန်း၊ (၉)တန်း ကျောင်းသား/သူများကို စာစီစာကုံးပြိုင်ပွဲဝင်အဖြစ်လည်းကောင်း။
(ခ) အခြေခံပညာ အလယ်တန်းကျောင်းများမှ (၅)တန်း၊ (၆)တန်းကျောင်းသား/သူများကို ရုပ်ပြစာစီစာကုံးပြိုင်ပွဲဝင်အဖြစ်လည်းကောင်း
(ဂ) ဟိတဓရဓမ္မစကူးလ်ဌာနများမှ (၃)တန်း၊ (၄)တန်း ကျောင်းသား/သူများကို ဗုဒ္ဓဝင်ဆေးရောင်ခြယ်ပြိုင်ပွဲဝင်အဖြစ် လည်းကောင်း အသီးသီး သတ်မှတ်ပါသည်။
✔️(၃) စာစီစာကုံး ဟောပြောပွဲ နေ့ရက်/အချိန်/နေရာ
(က) ကသာမြို့နယ် ကျေးရွာများရှိ ပြိုင်ပွဲဝင်များကို (21-10-2018)တနင်္ဂနွေနေ့ နံနက်(၉)နာရီအချိန်တွင် ပေါမမြိုင်ကျောင်းတိုက်၌ လည်းကောင်း
(ခ) ကသာမြို့ပေါ်ရှိ ပြိုင်ပွဲဝင်များကို (21-10-2018)တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီအချိန်တွင် ရေဝန်းကျောင်းတိုက်၌ လည်းကောင်း
ဦးဣန္ဒဝံသ(ဘုရားလေး-သထုံ)မှ စာစီစာကုံးရေးနည်းများကို ဟောပြောပါမည်။
(ဂ) စာရင်းပေးသွင်းထားသော စာစီစာကုံး/ရုပ်ပြစာစီစာကုံးပြိုင်ပွဲဝင်များသည် စာစီစာကုံးရေးနည်း ဟောပြောပွဲကို မပျက်မကွက် တက်ရောက်နိုင်ရပါမည်။
✔️(၄) ပြိုင်ပွဲကျင်းပမည့်နေ့ရက်/အချိန်/နေရာ
၁၃၈၀-ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၄)ရက်၊ (28-10-2018) တနင်္ဂနွေနေ့
နေ့လည်(၁၂)နာရီမှ ညနေ(၃)နာရီထိ အချိန်တွင် ကသာမြို့ မြို့တော်ခန်းမ၌ ပြိုင်ပွဲကျင်းပပါမည်။
✔️(၅) ပြိုင်ပွဲကျင်းပပုံအစီအစဉ်
(က) အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင်များသည် ခေါင်းစဉ်(၅)ခုကို မဲနှိုက်ရွေးချယ်ကာ ကျရာခေါင်းစဉ်ဖြင့် A4 သုံးမျက်နှာခန့် ရေးသားစီကုံးရပါမည်။
(ခ) အလယ်တန်းအဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲဝင်များသည် ရုပ်ပုံနှင့် ဆီလျှော်သော ခေါင်းစဉ်ကို (ပြိုင်ပွဲဝင်ကိုယ်တိုင်)ခေါင်းစဉ်ပေး၍ A4 တစ်မျက်နှာခန့် ရေးသားစီကုံးရပါမည်။
(ဂ) ဗုဒ္ဓဝင်ဆေးရောင်ခြယ်ပြိုင်ပွဲဝင်များသည် လိုအပ်သော ပစ္စည်းများ(ရောင်စုံဆေးခဲတံများ) ယူဆောင်လာပြီး၊ ဆေးရောင်ခြယ်ရမည့်ပုံကို စိတ်ကူးဉာဏ်ရှိသလို လွတ်လပ်စွာ ခြယ်သနိုင်ပါသည်။
✔️(၆)ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်
(က) စာပေမှရရှိသော အသိပညာဖြင့် ကိုယ်တိုင်တွေးခေါ်ကာ စာစီစာကုံးများ စနစ်တကျရေးသားတတ်စေရန်။
(ခ) မြန်မာစာပေ၏ တန်ဖိုးကို သိမြင်လာပြီး မြန်မာဘာသာ မြန်မာစာပေပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထား တတ်စေရန်။
(ဂ) ရုပ်ပြစာစီစာကုံးရေးသားခြင်းဖြင့် အကြောင်းအရာများကို ဆက်စပ်စဉ်းစားပြီး စနစ်တကျ ပုံဖော် ရေးသားတတ်စေရန်။
(ဃ) ဗုဒ္ဓဆေးရောင်ခြယ်ခြင်းဖြင့် ပုံဖော်မှုဆိုင်ရာ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငယ်စဉ်အခါကပင် ဘာသာတရားနှင့် ရင်းနှီးကျွမ်းဝင်နေစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ပါသည်။
ဟိတဓရဓမ္မစကူးလ်အဖွဲ့
ကသာမြို့နယ်
ကသာခရိုင်
စစ်ကိုင်းတိုင်းဒေသကြီး
ဆက်သွယ်စုံစမ်းရန်-
09400545767
09259001822
09400445357
"ပ"သုံးလုံးသာသနာပြု ဟိတဓရ ဆရာတော်၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ချက်များကို လူအများကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် ရည်ရွယ်တင်ပြပါသည်။
Subscribe to:
Post Comments (Atom)
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...
-
#တိုးချဲ့ အသစ်ဆောက်လုပ်မည့် (၃) ထပ်စာသင်ဆောင်အတွက် နဝကမ္မ (50000) ငါးသောင်းကျပ်ကို သန်းတစ်ရာထမင်းဆိုင်မိသားစု မှ ရွှေဘိုမြို့ အောင...
-
ဟိတဓရဆရာတော် ဟူသည် အပိုင်း{၁} °°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဟိတဓရဆိုတာ... ဟိတ = မိမိအတွက် မငဲ့ကွက်ဘဲ ကောင်းကျိုး ချမ်းသာ အဖြာဖြာ...
-
"ဟိတဓရဆရာတော်ဘုရား၏ သြဝါဒကထာ" အားလုံးအပေါ် မျှမျှတတတွေးပေးပါ။ မျှမျှတတ လုပ်ဆောင်ပါ။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာလဲ မ်...






No comments:
Post a Comment