Saturday, December 29, 2018

ကသာ ဟိတဓရ မိသားစု စုံညီပွဲတော်

သတင်းထုတ်ပြန်ချက်
=====================
ကသာမြို့နယ်ဟိတဓရဓမ္မစကူးလ်အဖွဲ့နှင့်
ပညာရေးဌာနတို့ ပူးပေါင်းစီရင်ကျင်းပသော
ဗုဒ္ဓဝင်ဆေးရောင်ခြယ်၊ စာစီစာကုံးဆုပေးပွဲနှင့် ဟိတဓရဓမ္မစကူးလ်စုံညီပွဲတော် အခမ်းအနားကို
 ကသာမြို့ မြို့တော်ခန်းမ၌
20-1-2019(တနင်္ဂနွေ)
ပြာသိုလ်လပြည့်နေ့ (အမေများနေ့)တွင်
ကျင်းပပြုပါမည်။

ထို့သို့ပြုလုပ်ရာတွင်
အခမ်းအနားမစတင်မီ
ဖျော်ဖြေရေး အစီအစဉ်ပါရှိရာ
ဟိတဓရဓမ္မစကူးလ်ဌာန(၁) ဌာနလျှင်
သီချင်း(၁) ပုဒ်စီ ဖျော်ဖြေခွင့်ရှိပါသည်။

 သီချင်းနာမည်ကို ဌာနအမည်နှင့်တကွ
ယခုpost၏ comment ၌သော်လည်းကောင်း
09400545767ဖုန်းနံပါတ်၏
Viber၌သော်လည်းကောင်း
1-1-2019 ထက် နောက်မကျစေဘဲ
စာရင်းပေးသွင်းနိုင်ပါသည်။

သီချင်း၊ အဝတ်အစား နှင့် performance များသည်
မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာကန့်လန့် မဖြစ်စေရ။

သီချင်းကြာမြင့်ချိန်သည် (၈)မိနစ်ထက် မပိုစေရ။

သီချင်းနာမည် တူနေပါလျှင်
စာရင်းပေးနောက်ကျသူက
ပြောင်းလဲပေးရမည်။

#ကသာမြို့နယ်ဟိတဓရဓမ္မစကူးလ်အဖွဲ့
ကသာခရိုင်
စစ်ကိုင်းတိုင်းဒေသကြီး

29-12-2018(sat)
4:52(pm)








No comments:

Post a Comment

18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...