ကလေးတရားစခန်းဖွင့်ပွဲ(ရွာလွတ်)
=====================
ကလေးတရားစခန်းဖွင့်ပွဲကို
ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ ကျောင်းသစ်ကျောင်း၌ ကျင်းပပါသည်။
ကျိုက်ဒိုးတောရကျောင်းဆရာတော်၊ သက္ကယ်တောင်ဆရာတော်၊
ဟိတဓရဆရာတော်၊ကျောင်းသစ်ကျောင်းဆရာတော်၊သင်တန်းမှူးဆရာတော်များ ကြွရောက်ချီးမြင့်တော်မူကြပါသည်။
(၆,၇,၈)တန်း သားငယ် သမီးငယ်
(၁၆၈)ဦး တရားဝင်ကြမည်ဖြစ်သည်။
ဟိတဓရဆရာတော်ဦးဆောင်ကာ
သင်တန်းနည်းပြဆရတော်အရှင်ပညာသီဟ၊ သင်တန်းနည်းပြဆရာမကြီး ဒေါ်သစ်သစ်၊ဆရာမ ဒေါ်ရတနာထွန်း၊ ဆရာဦးမျိုးတို့က
ဗုဒ္ဓဘာသာ သင်ခန်းစာများကိုလည်း သင်ကြားပို့ချပေးကြမည်ဖြစ်ပါသည်။
တရားအားထုတ်တာ လူကြီးနဲ့ပဲ
ဆိုင်တယ်လို့ထင်မှားနေကြတယ်။ လူကြီး ကလေးမရွေး အားလုံးနဲ့ဆိုင်တယ်။ ဘုရားခေတ်က ဝိသာခါတို့ ပဏ္ဍိတသာမဏေတို့
ငယ်ငယ်ရွယ်ရွယ်နဲ့တရားထူးရကြတယ်။ဒါကြောင့် တရားအားထုတ်တာ ကလေးနဲ့မဆိုင်ဘူး မပြောပါနဲ့။
(သက္ကယ်တောင်ဆရာတော်)
ကိုယ့်ကိုယ်ကို ယုံကြည်ပါ
ကိုယ့်အလုပ်ကို ယုံကြည်ပါ။
ယုံကြည်မှုလျော့ရင် ပေါ့ဆမယ်။
ပေါ့ပေါ့ဆဆလုပ်ရင်မထိရောက်ဘူး။ ဒါကြောင့် လုပ်မှလုပ်တော့ ယုံယုံကြည်ကြည်လုပ်ပါ။
(ကျိုက်ဒိုးတောရဆရာတော်)
ရိက္ခာဆိုတာ တစ်နပ်စာ
တစ်ဘဝစာလောက်ပါပဲ။
သိက္ခာဆိုတာကတော့
တစ်သံသရာလုံးအတွက်ပါ။
ဒါမို့ကြောင့် သိက္ခာကို ရိက္ခာနဲ့ မလဲပါနဲ့။
(ဟိတဓရဆရာတော်)
ကိုယ်မလုပ်နိုင်ပေမယ့်
လုပ်နိုင်တဲ့သူတွေကို
နေရာပေးရတာ စိတ်ထဲ
ကျေနပ်တယ်။ အားသာချင်တွေနဲ့
ခရီးဆက်မယ်။ အားနဲချက်ကို ဖြည့်စွက်လို့ပြင်ကြမယ်။
(ကျောင်းသစ်ကျောင်းဆရာတော်)
"ပ"သုံးလုံးသာသနာပြု ဟိတဓရ ဆရာတော်၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ချက်များကို လူအများကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် ရည်ရွယ်တင်ပြပါသည်။
Subscribe to:
Post Comments (Atom)
18.2.2020. မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့လုံးကျွတ် ဓမ္မသဘင်နှင့် နေ့ကလေးအထူးတရားပွဲ ...
-
#တိုးချဲ့ အသစ်ဆောက်လုပ်မည့် (၃) ထပ်စာသင်ဆောင်အတွက် နဝကမ္မ (50000) ငါးသောင်းကျပ်ကို သန်းတစ်ရာထမင်းဆိုင်မိသားစု မှ ရွှေဘိုမြို့ အောင...
-
ဟိတဓရဆရာတော် ဟူသည် အပိုင်း{၁} °°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဟိတဓရဆိုတာ... ဟိတ = မိမိအတွက် မငဲ့ကွက်ဘဲ ကောင်းကျိုး ချမ်းသာ အဖြာဖြာ...
-
"ဟိတဓရဆရာတော်ဘုရား၏ သြဝါဒကထာ" အားလုံးအပေါ် မျှမျှတတတွေးပေးပါ။ မျှမျှတတ လုပ်ဆောင်ပါ။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာလဲ မ်...





No comments:
Post a Comment